Main menu

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအမျိုးအစားများ၊ တစ်နှစ်ဝင်ငွေ၊ တစ်လကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအားဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က ခြံစိုက်ဧက (၀.၈) ဧကစိုက်ပျိုးလျက်ရှိကြောင်း၊ ခြံ၌ စိုက်ပျိုးသောသီးနှံများမှာ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ နာနတ်တို့ကိုစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ ပေါင်းရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် (၁၅၀၀၀၀) ကျပ်ရှိကြောင်း၊ ခြံလုပ်ငန်းမှ တစ်နှစ်ဝင်ငွေအနေဖြင့် ဒူးရင်းသီးစိုက်ပျိုးခြင်းမှ ကျပ်သိန်း (၁၀၀) ခန့်၊ ကြက်မောက်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၈၀) ကျော်ခန့်၊ နာနတ်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၅၀) ကျော်ခန့်၊ ငရုတ်ကောင်းစိုက်ပျိုးခြင်းမှ ကျပ် (၁၀) သိန်းခန့်၊ စုစုပေါင်း တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ်သိန်း (၂၄၀-၂၅၀) ခန့်ရရှိကြောင်း၊ သီးနှံများကို မွန်ပြည်နယ်အတွင်း ရောင်းချကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေအခက်အခဲရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)