Main menu

မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

            အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center 1535 အား ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ ဆရာမ (၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၀)ဦး စုစုပေါင်း (၁၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)