Main menu

မြန်မာ့ရိုးရာအစားအစာဖြစ်သော ဘိန်းမုန့်

Powered by Drupal

        မြန်မာ့ရိုးရာအစားအစာများတွင် ဘိန်းမုန့်သည် မြန်မာလူမျိုးတိုင်းလိုလို ကြိုက်နှစ်သက်ကြသော အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘိန်းမုန့်ကို နံနက်ခင်းစျေးများတွင် အများဆုံးတွေ့ရပါသည်။ ဘိန်းမုန့်ပြုလုပ်ရန်အတွက် ဆန်ကိုရေစိမ်ပြီး မုန့်ကြိတ်ဆုံဖြင့်ကြိတ်ရပါသည်။ ထို့နောက် ကြိတ်ထားသောမုန့်နှစ်ရည်ကို သကြား၊ ဆိုဒါတို့နှင့်ရောစပ်ပြီး သမအောင်မွှေပေးရပါသည်။ ဒယ်အိုးထဲတွင်ထည့်ပြီး မီးဖိုပေါ်တင်၍ နှမ်းနှင့်ခြစ်ထားသောအုန်းသီးများကိုဖြူးပြီး အဖုံးအုပ်ထားရပါသည်။ ဒယ်အိုးဖုံးပေါ်တွင်လည်း မီးဖြင့်အပူပေးရပါသည်။ အထက်မီး/အောက်မီးဖြင့်ဖုတ်ရပါသည်။

          ပဲခူးမြို့တွင် ဘိန်းမုန့်ကို စျေးများတွင် ဆိုင်ဖွင့်၍ရောင်းချခြင်းများရှိသကဲ့သို့ ရပ်ကွက်များသို့ လှည့်လည်ရောင်းချခြင်းများလည်းရှိပါသည်။ ဘိန်းမုန့်တစ်ချပ်လျှင် ၇၀၀ကျပ်ဖြင့် ရောင်းချပါသည်။ ဘိန်းမုန့်ကို နံနက်ခင်း အဆာပြေအဖြစ်စားသုံးကြသကဲ့သို့ နေ့လယ်နေ့ခင်း ရေနွေးကြမ်းဖြင့်လည်းစားသုံးကြပါသည်။ ဘိန်းမုန့်သည် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသည့် အစားအစာတစ်ခုဖြစ်ကြောင်း ဘိန်းမုန့်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)