မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) (ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၁) ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို ကျိုက်ထိုမြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ် အမြတ်၂% တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားအရောင်းဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂% ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဝယ်ယူလျက်ရှိကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(မွန်)
ကျိုက်ထိုမြို့နယ် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေး
Powered by Drupal