Main menu

ကျိုက်ထိုမြို့နယ်၊ အ.မ.က(မူလွန်) တိုးချဲ့ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ အ.မ.က(မူလွန်)တိုးချဲ့ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ဌာန၏ Vision, Mission, လုပ်ငန်းတာဝန်များကိုဆွေးနွေးခဲ့ပြီး ကျိုက်ထိုမြို့နယ်တာဝန်ခံတို့က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ၊ Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်းကိုဆွေးနွေးခဲ့ပြီး ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာ ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူတတ်စေရန် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၇) ဦး၊ ကျောင်းသား/သူ (၁၀၅) ဦးတက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးဇော်ဦးက ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)