စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမည့်အစီအစဉ် အစည်းအဝေးပွဲသို့တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်မှူး ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေကြာစိုက်ပျိုးတောင်သူများအနေဖြင့် စားအုန်းဆီဈေးနှုန်းနှင့် မြေပဲဆီ၊ နေကြာဆီဈေးနှုန်း၊ အရသာကွာဟချက်ကို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ဆောင်းသီးနှံဖြစ်သော နေကြာများကို စနစ်တကျစိုက်ပျိုးကြရန်ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်က ဆောင်းသီးနှံဖြစ်သော နေကြာကို တာဝန်အရ မစိုက်ပျိုးဘဲ စနစ်တကျစိုက်ပျိုးကြရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေနှင့် ကိုယ့်ရပ်ရွာ၌ သီးနှံ (၅) မျိုးတွင် မည်သည့်သီးနှံစိုက်ပျိုးသင့်သည်ကို လေ့လာကွင်းဆင်းကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)
ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးမည့်အစီအစဉ် အစည်းအဝေးတက်ရောက်
Powered by Drupal