Main menu

ဗီယက်နမ်နိုင်ငံသည်ထရမ်ဒုတိယအကြိမ်သမ္မတသက်တမ်းကာလတွင်ကြီးမားသော စီးပွားရေးအခွင့်အလမ်းများရရှိနိုင်ကြောင်း Forbes ကဖော်ပြ

Powered by Drupal

              ဗီယက်နမ်နိုင်ငံသည် ဆယ်စုနှစ်များစွာတိုင်အောင် အဓိကလုပ်ငန်းများအတွက် တံခါးဖွင့်ထားခဲ့ပြီး ထရမ့်၏ဒုတိယသမ္မတသက်တမ်းကာလတွင်လည်း ကြီးမား‌သောစီးပွားရေးအခွင့်အလမ်းများကို ရရှိရန်မျှော်လင့်ရကြောင်း အမေရိကန်အခြေစိုက် Forbes ၏ဖော်ပြချက်အရ သိရပါသည်။ ၎င်း၏မဲဆွယ်စည်းရုံးရေးအစီအစဉ်များအတွင်း ဒေါ်နယ်ထရမ့်က စက်မှုလုပ်ငန်းများအားလုံးကို အမေရိကန်သို့ပြန်ခေါ်မည်ဟုကတိပြုခဲ့ပါသည်။ သို့သော်ထိုအချက်သည်ဖြစ်လာနိုင်ချေမရှိပဲ အကယ်၍ထိုသို့ပြုလုပ်ခဲ့ပါက ထရမ့်မျှော်မှန်းထားသကဲ့သို့ မြန်ဆန်စွာဖြစ်လာနိုင်ချေမရှိကြောင်းသိရပါသည်။ ထိုအချက်အစားဖြစ်လာနိုင်ချေရှိသည်မှာ ဗီယက်နမ်သည် ထိုမူဝါဒမှအဓိကအကျိုးရှိသူအဖြစ် ပေါ်ထွက်လာနိုင်ကြောင်းသိရပါသည်။ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တက္ကသိုလ်မှ ထောက်ပံ့မှုကွင်းဆက်ပါမောက္ခဖြစ်သူ Jason Miller က အကယ်၍ ယခင်ကကုန်ပစ္စည်းများသည် တရုတ်နိုင်ငံတွင်ပြုလုပ်ပါက ယခုအခါဗီယက်နမ်နိုင်ငံ သို့ ပြောင်းရွှေ့ထုတ်လုပ်လိမ့်မည်ဖြစ်ကြောင်းနှင့် ထိုထုတ်လုပ်မှုသည်  အမေရိကန်သို့ပြန်လာ လိမ့် မည်မဟုတ်ဟု Forbes သို့ပြောကြားခဲ့ပါသည်။ ထရမ့်၏ပထမအကြိမ်အုပ်ချုပ်မှုအတွင်း Apple၊  Foxconn နှင့် Intel ကဲ့သို့သော  အဓိကကော်ပိုရေးရှင်းများသည် ၎င်းတို့၏ ကုန်ထုတ် လုပ်မှုကို ကွဲပြားစေရန် ဗီယက်နမ်ကို ဗဟိုပြုခဲ့ကြောင်းသိရပါသည်။ ထိုအချက်သည် ထရမ့်သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရခြင်းက ဗီယက်နမ်အတွက်သိသာထင်ရှားသည့် အခွင့်အလမ်းများကို ဆက်လက်ပိုင်ဆိုင်ထားကြောင်းပြသနေသည်ဟုသိရပါသည်။ အမေရိကန် နိုင်ငံ အင်ဒီးယားနား တက္ကသိုလ်မှပါမောက္ခဖြစ်သူ Tran Ngoc Anh ကအကယ်၍ Apple က ဗီယက်နမ်တွင် ဆက်လက်တည်ရှိနေပါက များစွာ‌သောပံ့ပိုးသူများသည် ၎င်းတို့၏အနီးနားတွင် ရှိနေမည်ဖြစ်ပြီး ထိုကုမ္ပဏီများသည် ဗီယက်နမ်အား နည်းပညာမြင့်လုပ်ငန်းများနှင့် နိုင်ငံ ဖြစ်လာရန် ကူညီပေးနိုင်မည်ဖြစ်ကာ ဖိနပ်နှင့်အဝတ်အထည်ထုတ်လုပ်မှုကို အဓိကထားမည့် အစား နိုင်ငံသည် ဘိုင်အိုနည်းပညာ၊ စီမီးကွန်ဒတ်တာနှင့် AI နည်းပညာတို့တွင် အဓိကရည်ရွယ် သင့်ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)