Main menu

အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိသောဗြိတိန်ရင်းနှီးမြှုပ်နှံမှုအာမခံချက်များကို အင်ဒိုနီးရှားရရှိ

Powered by Drupal

               အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto က နိုင်ငံ၏အဓိကကဏ္ဍများတွင် ဖွံ့ဖြိုး တိုးတက်ရေးအတွက်အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုအာမခံချက်များကို ဗြိတိန်ကုမ္ပဏီများထံမှနိုဝင်ဘာ ၂၁ ရက်နေ့ကကျင်းပခဲ့သော CEO Roundtable Forum တွင် ရရှိခဲ့ကြောင်းသိရပါသည်။ သမ္မတသည် ဗြိတိန်လုပ်ငန်းများထံမှရရှိခဲ့သော ထိုရင်းနှီးမြှုပ်နှံမှုအာမခံချက်များသည် ဗြိတိန်လုပ်ငန်းများက အင်ဒိုနီးရှား၏စီးပွားရေးကို ယုံကြည်မှုရှိနေသည်ကိုပြသနေကြောင်းနှင့် အင်ဒိုနီးရှားအစိုးရ၏ သန့်စင်စွမ်းအင်နှင့် ထိ‌ရောက်သောအုပ်ချုပ်မှုအမူအကျင့်သို့ သွားရောက်နေသည့်အချက်ကလည်း ယခုကဲ့သို့ရရှိခြင်းတွင် ပါဝင်နေသည်ဟုပြောကြားခဲ့ပါသည်။ ထိုဖိုရမ်တက်ရောက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Sri Mulyani Indrawati ကလည်းဗြိတိန်CEO များပါဝင်မှုသည် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ပညာရေးနှင့် ကျန်းမာရေးပါဝင်သည့် အင်ဒိုနီးရှား၏အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၌ ၎င်းတို့၏အားကောင်း‌သောစိတ်ဝင်စားမှုကို ဖော်ပြနေကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်ကြီးဖြစ်သူ Rosan Roeslani က အင်ဒိုနီးရှား၏နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကလည်း နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုတိုးတက်လာခြင်းတွင် ကဏ္ဍတစ်ခု၌ပါဝင်နေကြောင်းနှင့်  အစိုးရသည် ထိုကုမ္ပဏီများနှင့် နောက်ဆက်တွဲအစည်းအဝေးများ ဆက်လက်ပြုလုပ်သွားရန်စီစဉ်သွားမည်ဟု ပြောကြားခဲ့ပါသည်။

Antara News

DOCA(ရန်ကုန်)