မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ အမှတ် (၂) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ(၁၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၈၂) ဦး၊ စုစုပေါင်း (၁၉၂) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)
မော်လမြိုင်မြို့နယ်၊ အမှတ် (၂)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Powered by Drupal