Main menu

Smart Care Co., Ltd ရှိ ဆေးဝါးဖြန့်ချိမှုအခြေအနေများသွားရောက်စစ်ဆေးခြင်း

Powered by Drupal

            အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၁.၁၁.၂၀၂၄ ရက်  နေ့လယ် (၁၂:၃၀) နာရီတွင်  အမှတ် (၁၂၃၆)၊ သစ္စာလမ်းရှိ Smart Care  Co., Ltd မှ ဆေးဝါးဖြန့်ချိမှုအခြေအနေများ သွားရောက်စစ်ဆေးရန် တာဝန်ခံ ဦးအောင်ကျော်စိုးနှင့် သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

              ထိုသို့စစ်ဆေးရာ၌ ကုမ္ပဏီတွင် လက်ရှိဆေးဝါး(၃)မျိုးတည်းကိုသာ အိန္ဒိယနိုင်ငံမှ မှာယူတင်သွင်းလျှက်ရှိပြီး ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းဖြင့်သာရောင်းချကြောင်း၊ ဆေးရုံဆေးခန်းများနှင့် မြို့နယ်အတွင်းမှ မှာယူသည့်ဆေးဆိုင်များသို့ တိုက်ရိုက်ဖြန့်ချိပေးခြင်းဖြစ်‌သည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်သို့ဖြန့်ချိသောဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ရန်ကုန်)