Main menu

ဆန်ဆိုင်နှင့် ဆန်ပွဲရုံများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ပြည်ခရိုင်အတွင်းရှိ ဆန်ဆိုင်၊ ဆန်ပွဲရုံများနှင့် နဝဒေးပွဲရုံတန်းများတွင် ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆိုင်၊ ပွဲရုံများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းသာ အနည်းအများကွာခြားမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

         ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဆန်ဆိုင်နှင့် ဆန်ပွဲရုံလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း မျိုးမပြုလုပ်ရန်နှင့် လစဉ်ထွက်ရှိသော သင့်တင့်မျှတသောဈေးနှုန်း၊ ဈေးကွက် (Reasonable Market Price)ထုတ်ပြန်ချက်နှင့်အညီရောင်းချရေး တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ဆန်ဆိုင်၊ ဆန်ပွဲရုံလုပ်ငန်းရှင် (၂၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)