Main menu

မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်း အကြောင်း Talk Showကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည်စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့်ဥပဒေများ၊  စားသုံးသူသည်ကုန်စည်နှင့် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူသည့်အခါ စားသုံးသူများသည်  ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို  ဘေးအန္တရာယ်ကင်းရှင်းစွာ  အသုံးပြုခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသောသတင်းအချက်အလက်များရရှိစေရန်၊   ကုန်စည်နှင့်   ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန်၊    ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်ရရှိစေရန်၊ ကုန်စည်နှင့်  ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍  စားသုံးသူ၏  အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သောဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့်အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက်အလက်များကို သိရှိလေ့လာခွင့်ရရှိရန်၊ ကျန်းမာဝပြောသည့်ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့်ရရှိစေရန်တို့ကို ကုန်စည်နှင့် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူသည်အခါ စားသုံးသူအခွင့်အရေး သိရှိရန်ရှင်းလင်းပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်မှု၊ ထိန်းချုပ်အစားအသောက်များနှင့် ဌာနတို့၏ အမိန့်၊ ညွှန်ကြားချက်များစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)