စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က မူလွန်ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး သိရှိနာလည်းရန်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အရေးဆိုတင်ပြနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း (၂၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပန်းတနော်မြို့၊ ဘုရာပြိုကျေးရွာ(အ.မ.က)ရှိ အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ(၇၀)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးက ဦးအောင်ကျော်သက် (အငယ်တန်းစာရေး)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်း ကောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ စားသုံးအခွင့်အရေး (၈)ချက်ကိုသိရှိပြီး အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုသောအခါ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးထာနသို့ အရေးဆိုတင်ပြတိုင်ကြားနိုင်သည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းစျေးတန်းများနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မုန့်ကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိသော အချက်အလက်များကိုကြည်ရှုတက်စေရန် ရှင်းလင်ပြောကြားပြီး ဥပမာပေးမုန့်ထုတ်များနှင့် အကွ ကလေးများအား ရွေးချယ်စေခိုင်းပြီး ဆုပေးဒဏ်ပေး ပညာပေးပြုလုပ်ကာ အသိပညာပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသား/ကျောင်းသူများ ထံသို့ ပေးအပ်ခဲ့ကာ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)