Main menu

ညောင်တုန်းမြို့ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ညောင်တုန်းမြို့နယ်တွင်း စားသုံးသူများအသုံးပြုသောရေသန့်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်ဆုံးနိုင်ရန်အတွက်၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်   (၂၂.၁၁.၂၀၂၄) ရက်နေ့တွင် ရေသန့်စက်ရုံ (၇)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်မြို့နယ်ဦးစိးမှူးသည် ညောင်တုန်းမြို့နယ်တွင်း သောက်သုံးလျက်ရှိသောသောက်ရေသန့်များ ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး၊ ရေသန့်စက်ရုံမှ ရောင်းချနေသောရေသန့်ဗူးများကို စနစ်တကျဆေးကျောပြီးရောင်းချရန်၊ ရေသန့်အရောင်းကိုယ်စားလှယ်များကို ပိုဆောင်သောရေသန့်ဗူးမျာကိုရောင်းချရာတွင် နေပူသောနေရာတွင် ရေသန့်များကိုချ၍ ရောင်းချခြင်းမပြုရန် တစ်ပါတည်း အသိပညာပေးပြောကြားရောင်းချရန်၊ ရေဗူးသယ်ယူသော ရေသန့်ကားများ အမိုးတပ်ဆင်၍ပို့ဆောင်ရန်၊ ရေသန့်ဗူးပို့သောလုပ်သားများ တစ်ကိုယ်ရည်ကျန်းမာရေးအထူးဂရုပြုရန်တို့ကို လုပ်ငန်းရှင်များကို မှာကြားအသိပေးပြောကြားခဲ့ပြီး စက်ရုံလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ စက်ရုံလုပ်ငန်းလိုင်စင်သက်တမ်း၊ သက်ဆိုင်ရာဌာနတို့၏ထောက်ခံချက်၊ ခွင့်ပြုချက်သက်တမ်းများကို အချိန်မီသက်တမ်းမကျော်စေရေ သက်တမ်းတိုးလုပ်ငန်းကိုဆောင်ရွက်ရန်နှင့် ကောင်းမွန်သောရေသန့်ကိုတန်ဖိုးနှင့်အညီ ဈေးကွက်အတွင်းဖြန့်ချိဆောင်ရွက်ရန်နှင့် စက်ရုံဝန်းကျင်သန့်ရှင်းသာယာရေးတို့ကို အလေးပေးဆောင်ရွက်ရန်၊ လာရောက်ကွင်းဆင်းစစ်ဆေးသောဌာနများ၏ အမိန့်ညွှန်ကြားချက် သတ်မှတ်ချက်များကို အလေးပေးလိုက်နာဆောင်ရွက်တို့ကို မှာကြားဆွေးနွေးပြီး လုပ်ငန်းကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)