Main menu

‌ချောက်မြို့နယ်၌ စားသောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၂၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံဦးဆောင်၍ ငွေမြင့်မိုရ်နှင့် စိန်သရဖူပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စားသောက်ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် လုပ်ငန်းသုံးဆီများအမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)