ဩစတြေးလျသည် ၂၀၂၄ ခုနှစ်ပထမ ၁၀ လအတွင်း ပြည်ပသို့ သိုးသားတန်ချိန် ၂၀၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အများစုအား တရုတ်နိုင်ငံသို့တင်ပို့ကြောင်းသိရသည်။ Meat and Livestock Australi (MIA) ၏ အဆိုအရ ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်လေးပတ်အတွင်း သိုးအကောင်ရေ ၁ သန်းနီးပါးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၄၂% နှင့် ၂၀၂၂ ခုနှစ် အလားတူကာလကထက် ၇၂% တိုးလာကြောင်းသိရသည်။ ဩစတြေးလျ၏ သိုးသား ၉၅% မှ ၅၇% ခန့်ကို နှစ်စဉ်တင်ပို့လျက်ရှိပြီး ဩစတြေးလျ စားသုံးသူများသည် သိုးပေါက်အသားထက်အရွယ်ရောက် သိုးများ၏အသားများအား ပိုမိုနှစ်သက်ကြကြောင်း Mr Jackson မှ ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၏ နှစ်ကုန်ပိုင်းအထိ သိုးသားတင်ပို့မှုမှာ တန်ချိန် ၂၀၉၅၈၀ ရှိခဲ့ပြီး ယခုနှစ်တွင် အလွယ်တကူကျော်တက်နိုင်မည့် ပမာဏဖြစ်သည်။ ဈေးနှုန်းမှာလည်း သိုးသားတစ်တန်လျှင် ၃.၆၃ ဒေါ်လာရှိပြီး ယမန်နှစ်ကထက် ၂.၁၀ ဒေါ်လာမြင့်တက်လာခဲ့သည်။ သိုးသားများ၏ဝယ်လိုအားသည် အားကောင်းနေပြီး ရောင်းလိုအားမှာ ကျဆင်းလျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်နှစ်က ဗစ်တိုးရီးယားရှိ Horsham အရောင်းခြံတွင် သိုးတစ်ကောင်လျှင် ပျမ်းမျှ ၂၉ ဒေါ်လာရှိကြောင်းသိရသည်။
Source: amp.abc.net.au
DOCA(ရန်ကုန်)