Main menu

ဆော်ဒီအာရေဗီးယားသည် နိုင်ငံအတွင်းရှိ ဂျုံမှုန့်ကြိတ်ခွဲသည့် ကုမ္ပဏီများအား ဂျုံမှုန့်တင်ပို့ခွင့်ပြုထား

Powered by Drupal

            အထွေထွေစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်(GFSA) ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် လိုင်စင်ရဂျုံမှုန့်ကြိတ်ခွဲသည့် ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်သို့ ဂျုံမှုန့်တင်ပို့ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။ ကုမ္ပဏီများသည် ပြည်တွင်းဈေကွက်လိုအပ်ချက်ကို မထိခိုက်စေဘဲ ၎င်းတို့၏ပိုလျှံ ထုတ်လုပ်မှုစွမ်းရည်၏ ပုံသေရာခိုင်နှုန်းတစ်ခုသာ တင်ပို့ရောင်းချရန် ကတိပြုရမည့် ယန္တရားတစ်ခု၏အောက်တွင် ရှိရမည်ဖြစ်သည်။ GFAS ၏ အုပ်ချုပ်ရေးမှူး Ahmed Affaris က ဤဆုံးဖြတ်ချက်သည် လိုင်စင်ရဂျုံမှုန့်ကြိတ်ခွဲသည့် ကုမ္ပဏီများအတွက် GFSA ၏ စည်းမျဉ်းစည်းကမ်းနှင့် ကြီးကြပ်မှုအခန်းကဏ္ဍပေါ်တွင်အခြေခံပြီး နိုင်ငံတော်၏မျှော်မှန်းချက်နှင့်အညီ နိုင်ငံတော်၏ စက်မှုလုပ်ငန်းများကိုပံ့ပိုးပေးကာ ၎င်းတို့၏ထုတ်ကုန်များ၏ အရည်အသွေးမြင့်မားမှုကိုအခြေခံ၍ ပြိုင်ဆိုင်မှုများအတွက် အခွင့်အလမ်းများဖွင့်ပေးထားကြောင်း Ahmed AI-Fairs မှ ပြောကြားခဲ့သည်။ နိုင်ငံတော်မှ ပံ့ပိုးပေးထားသည့် ဂျုံပမာဏတန်ဖိုးအပြည့်ပြန်သွင်းရန် ကတိကဝတ်ဖြင့် လိုင်စင်ရဂျုံမှုန့်ကြိတ်ခွဲသည့်ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်သို့ ဂျုံမှုန့်တင်ပို့ခွင့် ပြုရန်အာဏာပိုင်အဖွဲ့မှ ခွင့်ပြုထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ GFSA သည် ဆော်ဒီအာရေဗျတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် တာဝန်ရှိသောအစိုးရအဖွဲ့ဖြစ်သည်။ အစောပိုင်း အစီရင်ခံစာတစ်ခုအရ ဆော်ဒီအာရေဗီးယား၏ နှစ်စဉ်ဂျုံမှုန့်ထုတ်လုပ်မှုသည် တန်ချိန် ၉၀၀၀၀၀ နီးပါးရှိပြီး ၎င်းသည် တစ်အိတ်လျှင် ဂျုံမှုန့် ၄၅ ကီလီဂရမ်အလေးချိန်ရှိသော အိတ်သန်း ၂၀ ကျော်ကို ကိုယ်စားပြုကြောင်းသိရှိရပါသည်။

Source : Saudigazette

DOCA(ရန်ကုန်)