ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ခင်သီ(ဦးစီးအရာရှိ)၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးဦးလှစိုး၊ ဒေါ်လဲ့လဲ့ဌေး(ဒုတိယဦးစီးမှူး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါ်စုစုလှိုင် (ဦးစီးအရာရှိ)နှင့် ဒေါ်ဖလောရင့်စ်(ဦးစီးအရာရှိ) တို့ပူးပေါင်း၍ ၂၆.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးစည်ပင်သာယာရေးရုံးမှ ဈေးတာဝန်ခံနှင့် သွားရောက်တွေ့ဆုံ၍ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် အခြေခံစားကုန်(၂၃)မျိုး၏ ဈေးနှုန်း(လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေး၊ ဈေးကွက်အတွင်းကုန်စည်ဝင်ရောက်မှု အခြေအနေတို့ကိုသိရှိနိုင်ရန် ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင်အမှန်တကယ်ဖြစ်ပေါ်နေသည့် အခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကိုစီမံဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများကိုရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)