Main menu

အလူမီနီယမ်ကုမ္ပဏီကြီး Kio Tinto မှ ဩစတြေးလျအလူမီနီယမ်တင်ပို့မှု အတားအဆီးများအား ရုတ်သိမ်း

Powered by Drupal

              Rio Tinto Group သည် ဩစတြေးလျရှိ ၎င်း၏ Gladstone သန့်စင်စက်ရုံများမှ အလူမီနီယမ်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း S & P Global ၏ အဆိုအရသိရသည်။ Rio Tinto ကုမ္ပဏီသည် သဘာဝဓါတ်ငွေ့ထောက်ပံ့မှုကို ကန့်သတ်လိုက်ပြီးနောက် မေလတွင်လည်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကာ ကုမ္ပဏီထိန်းချုပ်နိုင်စွမ်းပြင်ပအခြေအနေများကြောင့် ကုမ္ပဏီအား အကြပ်အတည်းဖြစ်နိုင်ခြေများကို ကြေညာခဲ့သည်။ ထိုကန့်သတ်ချက်များကိုရုတ်သိမ်းလိုက်ပြီး လုပ်ငန်းများမှာလည်း ပုံမှန်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဈေးကွက်ရင်းမြစ်များကိုကိုးကားရန် S & P မှ ပြောကြားခဲ့သည်။ မကြာသေးမီရက်သတ္တပတ်အတွင်း အလူမီနီယမ်ဈေးနှုန်းများ စံချိန်တင်မြင့်မားလာစေရန် ဂျမေကာမှ တရုတ်နိုင်ငံသို့ အလူမီနီယမ်ထောက်ပံ့ရေးဆိုင်ရာ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး အလယ်အလတ်ထုတ်ကုန်များကို အလူမီနီယမ်အဖြစ်သို့ ပြောင်းလဲစေရန် တွန်းအားပေးခဲ့သည်။ Rio သည် ၎င်း၏ Yarwn ရေနံချက်စက်ရုံနှင့် Russia United Co Rusal International PJSC နှင့် အကျိုးတူပူးပေါင်းထားသည့် Queensland Alumina Ltd. တွင် အလူမီနီယမ်များကို ထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။

Source : mining

DOCA(ရန်ကုန်)