ဟွန်ဒိုင်းမော်တာသည် မလေးရှားရင်းဂစ် ၂.၁၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရှိသည့် ၎င်းတို့၏စက်ရုံကို မလေးရှားနိုင်ငံ၌ဖွင့်လှစ်မည်ဟုသိရပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဖြစ်သူ Tengku Datuk Seri Zafrul Abdul Aziz က ထိုစက်ရုံသည် ဟွန်ဒိုင်းမော်တာ၏ မလေးရှားတွင်အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ပံ့ပိုးနိုင်ကြောင်းနှင့် ငါးနှစ်အတွင်းကားမော်ဒယ် ၇ မျိုးကို ထုတ်လုပ်နိုင်ကြောင်းနှင့် စက်ရုံကို Kulim တွင် ၂၀၂၅ ခုနှစ်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မလေးရှားဝန်ကြီးချုပ်ဖြစ်သူ အန်ဝါးအီဗရာဟင်သည် တောင်ကိုရီးယားနိုင်ငံသို့ ၂၅.၁၁.၂၀၂၄ ရက်နေ့က တရားဝင်အလည်အပတ်ခရီးရောက်ရှိနေပြီး ဟွန်ဒိုင်းမော်တာ၊ OIC Holding တို့နှင့် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးချုပ်နှင့်၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနှင့်တောင်ကိုရီးယားနိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအားကောင်းစေရန် ဆိုလ်းမြို့သို့ ၃ ရက်တာတရားဝင်အလည်အပတ်ခရီးရောက်ရှိနေပြီး လာမည့်နှစ်သည် နှစ်နိုင်ငံသံတမံဆက်ဆံရေးထူထောင်သည့် ၆၅ ကြိမ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်းသိရှိရပါသည်။
Malay Mail
DOCA(ရန်ကုန်)