Main menu

ကမ္ဘောဒီးယားသည် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၆ ရာခိုင်နှုန်းဖြင့် ဆက်လက်ရပ်တည်

Powered by Drupal

              ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံတော်သည် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၂၀၂၃ ခုနှစ်တွင် ၅.၆ ရာခိုင်နှုန်းဖြင့်ထိန်းသိမ်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းအထိမြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများတင်ပို့မှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို အဓိကတွန်းအား ပေးလျက်ရှိသည်။ ၎င်းမြင့်မားသောတိုးတက်မှုများနှင့်အတူ ကမ္ဘောဒီးယားသည် ၂၀၃၀ ခုနှစ်တွင် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံဖြစ်လာရန်နှင့် ၂၀၅၀ ခုနှစ်တွင် အဆင့်မြင့်စီးပွားရေး နိုင်ငံဖြစ်လာရန် ရည်းမှန်းထားကြောင်း၊ နိုင်ငံတော်သည် ၂၀၂၉ ခုနှစ်တွင် ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှဖြတ်ကျော်နိုင်ရန် ခန့်မှန်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ကမ္ဘောဒီးယားသည် ဒေသတွင်းနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချသည့် ဈေးကွက်များ အထူးသဖြင့်  ASEAN+3 (China, Japan and South Korea) နိုင်ငံများအထိ ချဲ့ထွင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပဈေးကွက်များအပေါ် ၎င်း၏မှီခိုအားထားမှုများအားလုံးကို တဖြည်းဖြည်းလျှော့ချလိုက်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသစာချုပ်၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်၊ တရုတ်၊ တောင်ကိုရီးယား၊ UAE နိုင်ငံတို့နှင့်လည်း သဘောတူညီချက်စာချုပ်များရှိသည်ဟု ဝန်ကြီးချုပ်ကထပ်မံပြောကြားခဲ့ကြောင်းသသည်။

Source: Khmer Times

DOCA(ရန်ကုန်)