Main menu

ရှမ်း(တောင်) ဒေသထွက်ဂေါ်ဖီထုပ်အမြင့်ဈေး

Powered by Drupal

    ဂေါ်ဖီထုပ်သီးနှံကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံတောင်သူများမှ နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးသော ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီသီးနှံသည် ယခုကာလတွင် ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်လျက်ရှိပါသည်။ ဂေါ်ဖီထုပ်များအား ပြည်တွင်းဒေသစုံ ဈေးကွက်သို့ တင်ပို့လျက်ရှိရာ အမြင့်ဈေးရရှိပြီး အရောင်းသွက်လျက်ရှိပါသည်။

    ဂေါ်ဖီထုပ် တစ်ပိဿာကျော်ထုပ် တစ်ထုပ်လျှင်၃၀၀၀ကျပ်၊ တစ်ပိဿာအောက် တစ်ထုပ်လျှင်  ၂၇၀၀ကျပ်ခန့်ဈေးရရှိနေပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း မှ ထွက်ရှိသည့်ဂေါ်ဖီများ ဈေးကွက်သို့ မရောက်ရှိလာခြင်းဖြစ်၍ ဈေးကွက်ဝယ်လိုအားအပေါ် ကုန်စည်မဖြည့်တင်းနိုင်ခြင်းကြောင့် ဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)