ဂေါ်ဖီထုပ်အနွယ်ဝင်ဖြစ်သော ပန်းမုန်လာ (ဂေါ်ဖီပန်း)ကို ရှမ်းပြည်နယ်တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးသော ကုန်စိမ်းသီးနှံဖြစ်ပါသည်။ယခုကာလတွင် မုန်တိုင်းအရှိန်ဖြင့် မိုးများ၍ သီးနှံစိုက်ခင်းများ ရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်၏ ဝယ်လိုအားထက်ဝက်ခန့် အထွက်နှုန်းလျော့ကျသဖြင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေကြီးနစ်မြုပ်မှုဒဏ်ခံရ၍ ပြန်လည်ပြုပြင်ခဲ့ရသော စိုက်ခင်းများ၊ ရေကြီးကာလအတွင်း နစ်မြုပ်မှုမရှိသောစိုက်ခင်းများမှ ဂေါ်ဖီပန်းများအား ပြည်တွင်းဒေသစုံဈေးကွက်များသို့ တင်ပို့လျက်ရှိကာ တစ်ပိဿာကျော် တစ်ပွင့်လျှင် ၃၂၀၀ ကျပ်၊ တစ်ပိဿာအောက်တစ်ပွင့်လျှင် ၂၀၀၀ ကျပ် ခန့်ဈေးရရှိနေပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဈေးကောင်းရရှိနေကြောင်းနှင့် သီးနှံကုန်စည်များလည်း အဆက်မပြတ် ဆက်လက်ထွက်လာနိုင်ကြောင်း တောင်သူပွဲရုံများထံမှ လေ့လာသိရှိရပါ၍ ရေးသားတင်ပြအပ်ပါသည်။
DOCA(ရှမ်း)