Main menu

ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင်  ကြက်သွန်နီ ဈေးနှုန်းဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ ဈေးကွက်သို့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၂)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၁)သိန်းခွဲခန့် ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

     ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစား လိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၂၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၅၀၀)ဈေး ဖြင့် ဒေသတွင်း နေရာအနှံ့အပြား ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဝယ်လက်နည်း၍ ဈေးကျဆင်းလာကြောင်း၊ နိုဝင်ဘာလ(ဒုတိယပတ်) နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက (တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

    ဈေးကွက်အနေဖြင့် ကြက်သွန်နီများကို နေ့စဉ် (၁၂)ဘီးကားအစီးရေ (၅)စီးခန့် ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့ များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ တန်ချိန်အားဖြင့် (၂၄၅)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)