Main menu

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ (ပထမပတ်)ထက် ဈေးအနည်းငယ်ကျဆင်းနေပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၂၀၀)၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၂၀၀)၊ အပါချီဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် ပဲမျိုးစုံနှင့် ဆောင်းကြက်သွန်များ စိုက်ပျိုးနေသောအချိန်ဖြစ်သောကြောင့်  နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ အောက်တိုဘာလ(စတုတ္ထပတ်)ထက် ဈေးနှုန်းများ တက်လာသည်ကိုတွေ့ရှိရပါသည်။ ယခုလက်ရှိဈေးနှုန်းများမှာ  အာမိုယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၇၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၁၀၁၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ တရုတ် အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပိုးသတ်ဆေးဈေးနှုန်းများမှာ နိုဝင်ဘာလ(စတုတ္ထ)ပတ်တွင် ဈေးအနည်းငယ်ကျဆင်းနေပြီး   အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၀၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ်(၁၀၅၀၀၀)၊ အာမိုစတား(၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၃၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၇၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၆၄၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် (၄၇၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၇၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင်  ကျပ်(၆၈၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခု နိုဝင်ဘာလ(စတုတ္ထပတ်)တွင် စိုက်ပျိုးချိန်ဖြစ်သောကြောင့် အောက်တိုဘာလ (စတုတ္ထပတ်) ထက် ဓါတ်မြေဩဇာဈေးနှုန်းများ တက်လာသည်ကို တွေ့ရှိရပြီး ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)