Main menu

ပခုက္ကူမြို့၌ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်း ကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

   ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)မှစ၍ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၀၀၀) အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း နွေခရမ်းချဉ်စိုက်ပျိုးသော်လည်း ခရမ်းချဉ်သီး ဆွတ်ခူးချိန်မရောက်ရှိသေး၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ် ကြီးမြင့်၍ ဈေးတက်ကြောင်း၊ နိုဝင်ဘာလ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)