Main menu

ပြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ (၂၂.၄.၂၀၂၂)ရက်နေ့ နံနက်  (၁၁:၃၀)အချိန်တွင် ပြည်မြို့ပေါ်ရှိ စက်သုံးဆီ လက်လီ/လက်ကားအရောင်းဆိုင် (၁၀)ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် ပြည်မြို့တွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆီဆိုင်များ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချမှုရှိစေရေးစစ်ဆေးခဲ့ရာ စက်သုံးဆီဆိုင်များအနေဖြင့် နေ့စဉ် ပုံမှန် ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ကုမ္ပဏီမှ တိုက်ရိုက်တင်သွင်းရောင်းချသည့် ဆီဆိုင်ကြီးများတွင် (92) တစ်လီတာလျှင် ၁၉၅၀ကျပ် ၊ (95) တစ်လီတာလျှင် ၂၀၅၀ကျပ်၊ (ဒီဇယ်)တစ်လီတာလျှင် ၂၂၁၀ကျပ်၊ (ပရီမီယံဒီဇယ်) တစ်လီတာလျှင် ၂၂၄၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး တစ်ဆင့် ဝယ်ယူရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များတွင်  ဆီဈေးနှုန်း အနည်းငယ်ကွာဟနေသော်လည်း နေစဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)