ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (ပြည်ကျော်) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၂၆.၁၁.၂၀၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးတို့ တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်၊ FDAထောက် ခံချက်ရရှိအောင်ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင်ရရှိရေးဆောင်ရွက်ရန် မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျှောက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)