ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးရေးဆေးဆိုင်များတွင်လည်း ဆောင်းသီးနှံနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးဆေးများကိုရောင်းချလျက်ရှိပါသည်။
ယခု ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် နတ်တလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ရောင်းချနေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူရီးယား (စုစံ)(၅၀ကီလို) တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ ယူရီးယား (အာမို) (၅၀ကီလို)တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ တီစူပါ (သံကွင်း) (၅၀ကီလို) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း ၁၅:၁၅:၁၅ ကော့မတ် (၅၀ကီလို) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ Top One ရွှေနဂါး (၅၀ကီလို) တစ်အိတ်လျှင် ( ၁၂၀၀၀၀)ကျပ်နှင့် ပိုးသတ်ဆေး ဖိုင်းယာ (၁လီတာ)တစ်ဘူးလျှင် (၄၂၀၀၀)ကျပ်၊ ဗိုက်တာ ကောင်းမြန် (၁လီတာ ) တစ်ဘူးလျှင် (၁၅၀၀၀) ကျပ်၊ ဆိုမာဟော့ (၁လီတာ) တစ်ဘူးလျှင် (၂၀၀၀၀) ကျပ်၊ ပီလာဖော့ (၁လီတာ) တစ်ဘူးလျှင် (၈၀၀၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပါသည်။
DOCA(ပဲခူး)