Main menu

အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဆွေးနွေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  စားသုံးသူ‌ရေးရာဦးစီးဌာန၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန၏ ခရိုင်တာဝန်ခံမှ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကို အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍  အားနည်းချက်၊ အားသာချက်၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ နစ်နာဆုံးရှံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)