နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။
ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို (၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧကလျှင် ပျိုးပင်(၃၅၀၀) ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခုတ်ယူရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊ ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစားကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။
DOCA(ပဲခူး)