Main menu

ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

        နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြုလုပ်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊  မြိုနယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များကိုသာဝယ်ယူစားသောက်ကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းမြသန်းကလည်း ကလေးသူငယ်များအား စက္ကူ ပြဇာတ်သရုပ်ဖော်များပြသခဲ့ပြီး ပုံပြင်များ၊ ပုံပြင်စာအုပ်များဝေ၍ ဖတ်ခိုင်းကာ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)