Main menu

ပေါင်းတည်မြို့နယ်၊ သပြေကုန်းရွာ အခြေခံမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့၊ သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းရွာ အခြေခံပညာမူလတန်းကျောင်း၌ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့်ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့သွားရောက်အသိပညာပေးရာ၌ အစားအသောက်များကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန်၊ အရောင်တောက်တောက်နှင့် အထူးအဆန်း သဘာဝဆိုးဆေးမဟုတ်သောအစားအစာများကို ဝယ်ယူမစားသုံးသင့်ဘဲ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ ဝယ်ယူစားသောက်ရာတွင်လည်း ပစ္စည်း၏အရည်အသွေးနှင့် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ကိုကြည့်ရှု့၍ ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁)ပါ အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများအား အသိပညာ‌ပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)