Main menu

စီးပွားရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ စားသုံးသူကာကွယ်ရေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၂၇.၄.၂၀၂၂) ရက်နေ့ ၊  နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန  ၊ ကုသရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်း ဦးစီးဌာန၊ မြို့နယ်လူဝင်မှု့ကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဘဏ်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍  ပြည်မြို့၊ ကုန်သာလင်းကျေးရွာအုပ်စု၊ ကုန်သာလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူ(၇၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန အဓိက တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များကိုဆွေးနွေးဟောပြောပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးဆီဖူလှုံမှုရှိစေရေး မိုးနေကြာသီးသန့်/ သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် နေကြာအစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)