Main menu

ပုသိမ်ခရိုင်အတွင်း စားသုံးဆီဖြန့်ဖြူးပေးမှုအား ကြီးကြပ်ဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပုသိမ်ခရိုင်အတွင်း စားသုံးဆီဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ တစ်ရက်လျှင် ၁၄၅ပေပါဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြို့နယ်ဆီထုတ်ကိုယ်စားလှယ်များက လက်လီ/လက်ကားဆိုင်များသို့ရောင်းချရာတွင်လည်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် စားသုံးဆီခွဲတမ်းရရှိမှုအပေါ်  အပြည့်အဝပြန်လည်ရောင်းချမှုရှိစေရေးအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် လစဉ်၊ အပတ်စဉ်၊ နေ့စဉ် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့သည့် စည်ပင်သာယာဈေးအတွင်းရှိဆိုင်များ၊ ရပ်ကွက်ရှိကုန်စုံဆိုင်များအား ညွှန်ကြားချက်များကိုသိရှိစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး၊ သတိပေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)