
ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်ဒေသမှထွက်ရှိသော ယာကွန်ဥ(ခေါ်)ရေကန်းစွန်းဥများ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ယခင်က ယာကွန်ဥတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ Online ပေါ်တွင်လည်း ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥကို စားသောက်သူများ အများအပြားရှိနေသောကြောင့် အရောင်းအဝယ်သွက်နေကြောင်းလည်းသိရှိရပါသည်။
DOCA(ပဲခူး)