Main menu

ပြည်ကြက်သွန်နီ အဝင်များကာ အရောင်းသွက်

Powered by Drupal

       ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံအနေဖြင့် အဟောင်းလက်ကျန်များ အဆက်မပြတ် အများအပြားဝင်ရောက်မှုရှိလာပြီး ပခုက္ကူနယ်ဘက်မှ ပိဿာချိန် (၅၀၀၀)၊ အောင်လံနယ်ဘက်မှ ပိဿာချိန်( ၃၀၀၀)၊ ကျောက်ပန်းတောင်းဘက်မှ ပိဿာချိန် (၈၀၀၀)နှင့် ရေနံချောင်းဘက်မှ ပိဿာချိန် (၄၅၀၀)စသဖြင့် အသီးသီးဝင်ရောက်မှုရှိနေသည်။ ဈေးကွက်အတွင်းမှ ပန်းတောင်း၊ ဥသျှစ်ပင်၊ မြန်အောင်၊ ကြံခင်း၊ မိုးညို၊ ကြို့ပင်ကောက်၊ ပေါင်းတည်၊ နတ်တလင်းနယ်များသို့ တိုင်းကျော်နယ်ကျော် စီးဆင်းမှုများ၊ ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝင်ရောက်လာသောကြက်သွန်နီများမှာ ခြောက်သွေ့ပြီး အရည်အသွေးကောင်းသဖြင့် ကြာရှည်လှောင်ထားမည့် သူများအနေဖြင့် အကြိုက်ဖြစ်သည့်အတွက် ဝင်ရောက်မှု၏ အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းများမှာ ဝင်ရောက်မှုရှိသည့် ဒေသအလိုက် ကွာခြားမှုရှိပြီး ပခုက္ကူကြက်သွန်နီမှာ (၃၃၀၀-၃၄၀၀)ကျပ်နှုန်း၊ အောင်လံနှင့် ရေနံချောင်းကြက်သွန်နီမှာ (၃၅၀၀-၃၆၀၀)ကျပ်နှုန်း၊ ကျောက်ပန်းတောင်းကြက်သွန်နီမှာ (၃၈၀၀-၄၀၀၀)ကျပ်နှုန်းတို့ဖြင့် ပွဲရုံများတွင် လက္ကားနှုန်း အသီးသီးရောင်းချလျက်ရှိကာ ပြည်မြို့ပေါ် လက်လီဈေးများတွင် တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး (၃၈၀၀-၄၂၀၀-၄၅၀၀-၄၇၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်မှုဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)