Main menu

ငှားရမ်းထားသည့် ဌာနပိုင်မြေများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

           (၂၉.၄.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ တာဝန်ရှိဝန်ထမ်းများနှင့်အတူ (၂၉.၄.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးဝင်းရှိ ဌာနပိုင်မြေတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းထားသော မြေပေါ်တွင် ဆောက်လုပ်ထားသောဆိုင်ခန်းများအား သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင်ဒုတိယပြည်နယ်ဦးစီးမှူးမှ ဆိုင်ခန်းပိုင်ရှင်များအား ပြဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို သိရှိလိုက်နာရန်၊ မြေငှားရမ်းခြင်း အိတ်ဖွင့်တင်ဒါစည်းကမ်းသတ်မှတ်ချက်၊ အငှားချထားခြင်းခံရသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိလိုက်နာရန်၊ အငှားချထားသည့်နေရာ၊ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ မိုးရာသီကာလရောက်လာပြီဖြစ်သည့်အတွက် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းသန့်ရှင်းရေးများစနစ်တကျပြုလုပ်ရန်နှင့် အထွေထွေလုံခြုံရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)