Main menu

ပုသိမ်မြို့ရှိ တစ်နှစ်ပတ်လုံးရာသီပေါ် ငရုပ်သီးဈေးကွက်

Powered by Drupal

              မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံးထွက်ရှိနေကြောင်းသိရသည်။ ဒေသအလိုက် ငရုပ်သီးပေါ်ချိန်ကွာခြားသကဲ့သို့ ဈေးကွက် အတက်၊ အကျကလည်း ဟန်ကျလိုက်၊ မကျလိုက်နှင့် ငရုပ်သီးထွက်ရှိချိန်ကာလလိုက် ဖြစ်ပေါ် နေပါသည်။ ငရုပ်မျိုးကိုမူတည်ခွဲခြားလိုက်လျှင် မိုးပေါ်ထောင်မတ်သီးသော မိုးမျှော်ငရုပ် ရှိသကဲ့သို့ အပင်မှအောက်ငိုက်သီးသော ငရုပ်မျိုးရှိကြသည်။ တစ်ဖန်ငရုတ်သီး၏ ပုံသဏ္ဌာန်ကိုမူတည်ပြီး ခွဲခြားမည်ဆိုပါကငရုပ်သီးအရှည်၊ ငရုပ်သီးအပု၊ ငရုပ်သီးအပွလုံးဝိုင်းပုံရှိကြောင်းသိရသည်။ အချို့ငရုပ်သီးမှာ လုံးဝိုင်း၍ သေးငယ်လွန်းလှသည်။ အချို့ငရုပ်သီးမှာ အရွယ်ကြီး၍ အသီးပွင့်ကြောင်းသိရသည်။  

             ပုသိမ်မြို့တွင်း၌ ရောင်းချနေသည့် ငရုပ်သီးများကို အများအားဖြင့် ရှမ်းတောင်ဒေသတစ်ဝိုက်နှင့် မိထ္တီလာ၊ မြင်းခြံမြို့များမှ သယ်ယူ၍ရောင်းချပေးကြောင်းသိရပါသည်။ မြို့တွင်း၌ ရောင်းချသည့်ဈေးနှုန်းများအနေဖြင့် ယခင်လက ကျောက်စိမ်းငရုပ်သီးဈေးနှုန်း တစ်ပိဿာလျှင် (၆၈၀၀)၊ ကုလားအော်သီး တစ်ပိဿာ (၈၅၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ဈေးကွက်အတွင်းသို့ ကုန်စည် အဝင်/ အထွက်များလာသဖြင့် ကျောက်စိမ်းငရုပ်သီးစိမ်း တစ်ပိဿာလျှင်(၅၈၀၀)၊ ကုလားအော်သီး  တစ်ပိဿာ (၇၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းကွာခြားမှုသည် ဝယ်လိုအားကြောင့်မဟုတ်ဘဲ ရန်ကုန်ကုန်စည်အဝယ်ဒိုင်များသို့ ကုန်စည်ကားအစီးရေဝင်ထွက်မှုများလျှင် ဈေးနှုန်းသက်သာပြီး ကုန်စည်ကားဝင်ထွက်မှုနည်းလျှင် ဈေးနှုန်းမြင့်တက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)