ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ရာသီပေါ်အစားအစာဖြစ်သည့် တောင်ပို့မှိုများအား ဟင်းအဖြစ်ကြော်စား၊ ချက်စားခြင်းနှင့် အချဉ်သိပ်၍ စားသောက်ကြပြီး ယခုနှစ်တွင် ပိုမိုဈေးကောင်းရရှိသည့်အတွက် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ယာခြံများနှင့် တောတွင်းရှိ တောင်ပို့များအနီးတွင် ပေါက်ရောက်လျက်ရှိသောကြောင့် မှိုရှာဖွေသည့် တောင်သူများအနေဖြင့် အဆိုပါနေရာများတွင် မှိုများရှာဖွေတူးယူရရှိကြောင်းသိရသည်။
မှိုတစ်ကျင်းလျှင် အနည်းဆုံး ၅၀ ကျပ်သားမှ အများဆုံး ၅ ပိဿာခန့် တူးယူရရှိပြီး ယခင်နှစ် ပုသိမ်မြို့တွင်းတွင် တောင်ပို့မှို (ခေါ်) မှိုဖြူ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ကျပ် ခန့်ရရှိပြီး ယခုနှစ် ပုသိမ်မြို့တွင်းတွင် တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်ခန့် ရရှိကာ ဈေးပိုမိုရရှိသဖြင့် မှိုရှာဖွေရောင်းချသည့်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မှိုရှာဖွေရောင်းချသည့် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)