ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ဗီယက်နမ်နိုင်ငံ၏ သတ္တုရိုင်းနှင့် ဓါတ်သတ္တုတင်သွင်းမှုသည် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ထုထည်နှင့် တန်ဖိုး ၄၆% ကျော်မြင့်တက်လာခဲ့သည်။ ပမာဏအားဖြင့် ၆၂.၄% နှင့် တန်ဖိုးအားဖြင့် ၅၃.၃% တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၇.၅ သန်းတန်ဖိုးရှိသော တန်ချန် ၂.၄ သန်းနီးပါးတင်သွင်းခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ၁၀ လတာအတွင်း သွင်းကုန်ပမာဏမှာ ၂၉.၉% နှင့် တန်ဖိုး ၂၇.၅% ရှိပြီး အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံတန်ဖိုးရှိသော သတ္တုရိုင်းနှင့် ဓါတ်သတ္တုတန်ချိန် ၂၁.၈၄ သန်း တင်သွင်းမှုမြင့်တက်ခဲ့သည်။ အောက်တိုဘာလတွင် ပျမ်းမျှသတ္တုရိုင်းနှင့် ဓါတ်သတ္တုတင်သွင်းမှု ဈေးနှုန်းသည်တစ်တန်လျှင် ၁၀၇.၈ ဒေါ်လာရှိပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၀.၁၄% ကျဆင်းခဲ့ကာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅.၆% ကျဆင်းခဲ့သည်။ ဈေးကွက်နှင့်ပတ်သက်၍ ဗီယက်နမ်သည် ၁၀ လတာအတွင်း အဓိကဈေးကွက် ၂၁ခုမှ သတ္တုရိုင်းနှင့် တွင်းထွက်များကို အဓိကတင်သွင်းခဲ့သည်။ ဩစတြေးလျနိုင်ငံသည် ဗီယက်နမ်သို့ သတ္တုရိုင်းအများဆုံး တင်ပို့သူဖြစ်ပြီး သတ္တုရိုင်း တန်ချိန် ၉.၇၅ သန်း တင်ပို့ခဲ့ပြီး ပမာဏ အားဖြင့် ၂၉.၄% နှင့် တန်ဖိုးအားဖြင့် ၂၆.၉% တိုးလာခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသည် ကန်ဒေါ်လာ ၆၈၁.၀၇ သန်း တန်ဖိုးရှိ သတ္တုရိုင်းတန်ချိန် ၅.၉၆ သန်းတင်ပို့ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ဒုတိယမြောက်သတ္တုရိုင်းနှင့် ဓါတ်သတ္တုအများဆုံ တင်သွင်းသော နိုင်ငံဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် တတိယအကြီးဆုံးဈေးကွက်အဖြစ် အဆင့်သတ်မှတ်ခံရသော်လည်း ပမာဏမှာ ကျဆင်းမှုကို မြင်တွေ့ရသည့် ထိပ်တန်းဈေးကွက် ၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်နှစ် ထက် တစ်နှစ် ၃၂.၉% ကျဆင်းကာ တန်ချိန် ၄၆၅၅၉၄ သို့ ကျဆင်းသွားခဲ့သည်။ ထူးခြားမှုမှာ တူရကီမှ ကန်ဒေါ်လာ ၃၅.၈ သန်း တန်ဖိုးရှိ သတ္တုရိုင်း တန်ချိန် ၂၃၈၇၉၉ တင်သွင်းခဲ့ပြီး ၁.၄၄% မြင့်တက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ သတ္တုရိုင်းတန်ချိန် ၁၉၂၈၄၁ တင်သွင်း ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၆.၃၁% တိုးမြင့်လာခဲ့သည်။ တန်ဖိုးအားဖြင့် ဩစတြေးလျနိုင်ငံ၏ သတ္တုရိုင်းနှင့် ဓါတ်သတ္တုများ ဗီယက်နမ်သို့ တင်ပို့မှုသည် ၁.၀၈ ဘီလီယံဖြင့် အမြင့်ဆုံးတွင် ရှိနေပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၈၆% တိုးလာကာ ၎င်း၏နောက်တွင် ဘရာဇီးနိုင်ငံမှ ဒေါ်လာ ၆၈၁ သန်းဖြင့် ၄၂.၁၆% မြင့်တက်ခဲ့ကြောင်း သိရသည်။
Source : vietnamnews
DOCA(ရန်ကုန်)