Main menu

မလေးရှားနိုင်ငံသည် ပါကစ္စတန်မှ ဆန်များအပေါ် စည်းကြပ်ခွန်အား ပြန်လည် ပြင်ဆင်မည်

Powered by Drupal

    မလေးရှားနိုင်ငံသည် ပါကစ္စတန်ဆန်အပေါ် အခွန်စည်းကြပ်မှုကို ပြင်ဆင်ရန် သဘောတူခဲ့ပြီး အခြားရင်းမြစ်များမှ ဆန်တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုသကဲ့သို့ ချိန်ညှိရန် သဘောတူခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbez Sharif နှင့် မလေးရှားတန်ကြီးချုပ် Anwar Ibrehim တို့အကြား စကားပြေဆိုမှုအပြီး ဝန်ကြီးချုပ် Shehbez မှ မလေးရှားဝန်ကြီးချုပ်၏ မကြာသေးမီက ခရီးစဉ်အတွင်း ဖော်ထုတ်ခဲ့သော ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းပေးခဲ့သောကြောင့် ကျေနပါမိကြောင်း ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ်မှ အောက်တိုဘာလတွင် ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း ပါကစ္စတန်နိုင်ငံမှ အသားများအပြင် ဆန်တန်ချိန် တစ်သိန်းအား မလေးရှားနိုင်ငံအတွင်းသို့ တင်သွင်းလိုကြောင်း ဖော်ပြခဲ့သည်။ ထို အချိန်က ပါကစ္စတန်ဘက်မှ ကောက်ချက်ချသည်မှာ အိန္ဒိယမှ တင်သွင်းသည့် ဆန်များနှင့် နှိုင်းယှဉ်ပါက ပါကစ္စတန် ဆန်များသည် ပြိုင်ဆိုင်မှု ကင်းမဲ့သော စည်းကြပ်ခွန်များ မြင့်မားလျက်ရှိသည်ဟူ၍ဖြစ်သည်။ အောက်တိုဘာလတွင် အိန္ဒိယမှ ဆန်ဖြူကွဲ တစ်တန်လျှင် ကန်ဒေါ်လာ ၄၄၄ မှ ၄၄၈ ကြားရှိပြီး ပါကစ္စတန်မှ အလားတူ ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၄၆၃~၄၆၇ ဈေးရှိသည်။ ပါကစ္စတန်မှ ဆန်တင်ပို့သူများသည် ၎င်းတို့ဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် နိုင်ရန်အတွက် ဆန်ဈေးနှုန်းများ ပိုမိုမြင့်မားစွာ ရရှိနိုင်ရန်တောင်းဆိုလျက်ရှိကြောင်း မလေးရှား တာဝန်ရှိသူများက ထောက်ပြခဲ့သည်။ ဝန်ကြီးချုပ် Shehbez နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar တို့သည်လာမည့်နှစ်အစောပိုင်းတွင် ကွာလာလမ်ပူသို့ သွားရောက်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် မျှော်မှန်းထားလျက်ရှိကြောင်း သိရသည်။

Source : Dawn

DOCA(ရန်ကုန်)