Main menu

CCC နှင့် Codingate Technology သည် SME များအတွက် AI နှင့် E-Commerce ဆိုင်ရာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့

Powered by Drupal

      ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) သည် Codingate Technology  နှင့် ပူးပေါင်း၍ ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် AI အသုံးပြုခြင်းနှင့် E-Commerce ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းကို စီစဉ်ကျင်းပခဲ့သည်။ အဆိုပါသင်တန်းကို နိုင်ဝင်ဘာလ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) ညွှန်ကြားရေးမှူးချုပ် Nguon Meng Tech နှင့် Codingate Technology ဥက္ကဋ္ဌ Sok Sopheak တို့က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်နယ်အသီးသီးမှစီးပွားရေးလုပ်ငန်းရှင်များ ကုန်သည်များနှင့် (CCC) အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၇၀ ကျော်တက်ရောက်ခဲ့ပါသည်။ Nguon Meng Tech က စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဈေးကွက်တွင်ချဲ့ထွင်ရန်ကြိုးပမ်းလာကာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် လိုက်လျော်ညီထွေဖြစ်စေရန် ရိုးရာစီးပွားရေးလုပ်ငန်းများကို E-Commerce လုပ်ငန်းအဖြစ်သို့ပြောင်းလဲခြင်းသည် SME လုပ်ငန်းပိုင်ရှင်များအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေကြောင်း ပြောကြားခဲ့သည်။ Codingate Technology ၏ ဥက္ကဋ္ဌဖြစ်သူ Sok Sopheak က သင်တန်းပြီးဆုံးပါက လုပ်ငန်းပိုင်ရှင်များသည် E-Commerce နှင့်လက်တွေ့ကျသော ကျွမ်းကျင်မှုများရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လုပ်ငန်းဆောင်ရွက်မှုများကို ချောမွေ့စေရန် AI စနစ်များကို အသုံးပြုခြင်းဆိုင်ရာ အသိပညာများကို ပေးဆောင်ပေးမည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် သုံးစွဲသူများကိုထိရောက်သော ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးဗျူဟာများကို ကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)