Main menu

ငါန်းဇွန်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

             ငါန်းဇွန်မြို့တွင်(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၂၂.၁၁. ၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား  မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးအောင်သီဟမှ ကလေးလုပ်သားပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဖြိုးဟိန်းကျော်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ ကျန်းမာရေးသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာရေး၏တန်ဖိုးကိုသိရှိနားလည်ပြီး၊ ကျန်းမာရေးကောင်းနေမှ အခြားကိုယ်လုပ်ချင်သည့် လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်နိုင်မည်၊ သင်ယူလိုသည့်ပညာများသင်ယူနိုင်မည်၊ စားသောက်ချင်သည့် အစား အစာများကို စားသောက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍ ကျန်းမာရေးအသိပညာများလိုက်စားမှုနှင့် ရရှိမှုများ ရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများနှင့်အခြားသင့်လျော်သည့်နေရာများတွင်  သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသား/ ကျောင်းသူကလေးသူငယ်များအား သိသင့် သိထိုက်သည့်အကြောင်းအရာများ၊ ဗဟုသုတများအား လိုက်လံဟောပြောမှုများဆောင်ရွက် နေတာဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ မုန့်မျိုးစုံနှင့်ကုန်ပစ္စည်းများအား ဝယ်ယူ စားသောက်သုံးစွဲသည့်အခါ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိရန် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ကြရန် လိုအပ်ပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများမှ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များအားမေးမြန်းရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)