Main menu

“ကျောက်ဆည်ခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်သားမြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိနှင့် စက်ရုံပတ်ဝန်းကျင်၏အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင်ထုတ်လုပ်သွားရန်နှင့်   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများကလည်း လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို  ပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်ဆည်မြိုနယ်ရှိ ရေသန့် စက်ရုံ(၁၂)ခု နှင့် မြစ်သားမြို့နယ်ရှိစက်ရုံ(၄)ခုတို့၏ ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)