၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်(၁၅း၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်တွင်းဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာ ချိန်တွယ်ရောင်းချမှုများရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)