Main menu

“ ကော့မှူးမြို့နယ်၌အခြေခံစားသောက်ကုန်ဖြစ်သည့်ကြက်ဥများဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥများအားဈေးနှုန်းချိုသာစွာဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက်များသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

            ထိုသို့ဖြန့်ဖြူးရောင်းချခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများ၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းလတ်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်း၍ စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုအရ  ကော့မှူးမြို့နယ်တာလမ်းသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်များသို့ သွားရောက်လှည့်လည်ပြီး ကြက်ဥတစ်လုံး လျှင်ငွေကျပ်(၃၇၀)ကျပ်နှုန်း (၁၀)လုံး (၃၇၀၀)ကျပ်တို့ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)