Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီးသို့  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၄၀၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၃၀၀၊ အကြီးမှာ ကျပ် ၃၆၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၀၀၊ အကြီးမှာ ကျပ် ၃၂၀၀၊ ရှယ်မှာ ကျပ် ၃၆၀၀၊ တောင်သာကြက်သွန်နီ(အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)