Main menu

SAI Developer သည် လေဆိပ်အနီးတစ်ဝိုက်တွင် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း

Powered by Drupal

    စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Hem Vanndy သည် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) မှကိုယ်စားလှယ်အဖွဲ့အား Siem Reap ပြည်နယ်တွင် ကျင်းပပြုလုပ်သည့် ၂၉ ကြိမ်မြောက် Angkor Wat International Half Marathon ပွဲပြီးနောက် လက်ခံတွေ့ဆုံခဲ့သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီဌာန (MISTI) ၏ အဆိုအရ လေဆိပ် ဥက္ကဋ္ဌ Mr Lu Wei က လေဆိပ်သည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ခရီးသည် ၁.၃ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၁.၄ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ Mr Lu Wei သည် (MISTI)  နှင့်ပူးပေါင်းပြီး လေဆိပ်အနီးတဝိုက်တွင် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အစီးအစဉ်များကို ပြောကြားခဲ့သည်။ Yunnan Investment Group သည် လေဆိပ်နှင့် ၎င်းအနီးတဝိုက်တွင် ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီး Vanndy က ကမ္ဘောဒီးယားတွင် ကုမ္ပဏီ၏ရေရှည်ရင်းနှီးမြှုပ်နှံမှုကို ဂုဏ်ပြုခဲ့ပြီး ဒေသတွင်း ခရီးသွားများနှင့် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရာတွင် ကုမ္ပဏီအား ပံ့ပိုးကူညီရန် အစိုးရ၏ကတိပြုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ အထူးသဖြင့် ရေပေးဝေရေးကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများညှိုနှိုင်းရေးဆွဲခြင်းအတွက် သတင်းအချက်အလက် မျှဝေခြင်းအရေးကြီးပုံကို ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်တရားဝင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ခရီးသည် ၇ သန်းအထိ ဝင်ရောက်နိုင်သော UNESCO ၏ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Angkor Wat သို့ သွားရောက်ရာ ခေတ်မီတံခါးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)