စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စာဘူးတောင်းကျေးရွာရှိ စားအုန်းဆီကိုယ်စားလှယ် ဦးသိန်းဝင်းဆိုင်သို့လည်းကောင်း၊ အင်ကြင်းကွင်းကျေးရွာရှိ ဦးအေးလွင်ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ စာအုပ်စနစ်ဖြင့်သာရောင်းချပါကြောင်း စာအုပ်တစ်အုပ်လျှင် (၅၀)ကျပ်သားနှုန်း အလှည့်ကျစနစ်ဖြင့် တစ်လလျှင် (၂)ပိဿာ (၅၀)ကျပ်သားခန့် ရောင်းချ ပေးနေပါကြောင်းသိရှိရပြီး သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ အလေးချိန်တွယ်ပြည့်ဝစွာ သတ်မှတ်ထားသည့်အတိုင်းရောင်းချသွားရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)